မန်းတောင်ရိပ်ညိုညို TeaTime Cafe ကကြို

"လက္ဘ်ရည် ၊ ကော်ဖီ၊ အချိုရည် ၊ သစ်သီးဖျော်ရည်မျိုးစုံကို အရသာကောင်းမွန်သော၊ လတ်ဆတ်သော မြန်မာတို့အကြိုက် မုန့်မျိုးစုံနှင့်တကွ နံနက်စာ၊ နေ့ခင်း၊ ညနေ အချိန်မရွေး စားသုံးနိုင်ပါပြီ"



တီးတိုင်း အကြောင်း

တစေ့တစောင်း


တီးတိုင်းကဖေး၊ အအေး နှင့် စားဖွယ်စုံ ဆိုင်ကို ဇူလိုင်လ၊ ၂၀ ရက် ၂၀၁၅ နှစ်မှာ စတင် ဖွင့်လှစ်ခဲ့သည်။ စတင်ဖွင့်လှစ်ချိန်မှ ယနေ့တိုင် စားသုံးသူများ စိတ်ချမ်းမြေ့စေရန်၊ အထူး ဖော်ရွှေသော ဝန်ထမ်းများက စားသုံသူများအားလုံး ကျန်းမာရေးနှင့် ညီညွတ်စေရန် အလေးထားဂရုစိုက်ခြင်းမှာ တီးတိုင်း၏ မူတစ်ခုဖြစ်ပါသည်။ စားသုံးသူများ၏ အကြံ ပြုချက်များကိုလည်း လှိုက်လှဲစွာ ကြိုဆိုကာ တစ်ရက်ထက်တစ်ရက်၊ တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်လျက်။

အခြား

ဝန်ဆောင်မှုများ


ဆိုင်အတွင်း

ကျယ်ဝန်းသော ဆိုင်အတွင်းတွင် နေ့စဉ်သတင်းစာ၊ အားကစားဂျာနယ်၊ TV သတင်း စသည့် အပန်းပြေဖျော်ဖြေမှုများဖြင့် အစားသောက်မျိုးစုံကို ချိုသာသော စျေးနှုန်းဖြင့် စိတ်အေးချမ်းသာစွာ မှာယူစားသောက်နိုင်ပါသည်။

ဖုန်းဖြင့်မှာယူ

ဆိုင်သို့လာရောက်စားသုံးရန် မအားလပ်သော မိတ်ဆွေများအတွက် သင့်တော်သော နေရာဝန်းကျင်ဖြစ်ပြီး ကျပ်(၅၀၀၀) နှင့် အထက် အော်ဒါ မှာယူပါက ပို့ဆောင်ခ မယူပဲ အရောက်ပို့ဆောင်ပေးပါသည်။

အလှူမဂ်လာ၊ အိမ်တက်၊ မွေးနေ့ အခန်းအနားများ

အမျိုးမျိုးသော အခန်းအနားပွဲများအတွက် မှာယူပါက ဝန်ထမ်း၊ ပစ္စည်းများအပါဝင် လိုက်ဆောင်ရွက်ကာ ဝန်ဆောင်မှုပေးပါသည်။

စားသုံးသူအလွှာ အစုံပါ

လူမျိုးမရွေး လွတ်လပ်စွာ ဝယ်ယူစားသုံးနိုင်သည့်အပြင် အမျိုးသမီးဝန်ထမ်းများရှိခြင်းကြောင့် ကျောင်းသား၊ အမျိုးသမီး၊ ကျောင်းနေရွယ် လူငယ် အရွယ်စုံအတွက် နွေးထွေးလုံခြုံသော ပတ်ဝန်းကျင်ရှိအောင် ဖန်တီးထားပါသည်။

ဆက်သွယ်ရန်


Order ပဲမှာမှာ၊ ဆိုင်သို့ပဲလာလာ TeaTime Cafe ကလှိုက်လှဲစွာ ကြိုဆိုလျက်ပါ။ မိတ်ဆွေတို့ အိမ်နေရာဌာနမှာ ဧည့်ခံကြွေးမွေးရန် လိုအပ်လျှင်လည်း ကို TeaTime Cafe အမြန်ဆက် ဆက်သွယ်လိုက်ပါ။